Sunday, November 23, 2008

TITANIC

အတ္တလန်တိတ်သမုဒ္ဒရာတွင် အလွန်ကြီးမားသော ဇိမ်ခံသင်္ဘောကြီး ခုတ်မောင်းနေသည်။ သင်္ဘောပေါ် လိုက်ပါလာကြသည့် ခရီးသည်များမှာ အထက်တန်းစား သူဌေး သူ "ဘိုးတိုင်" နှင့်၊ မိန်းမတွေက ပွဲနေ ပွဲထိုင်သွားသည့် အကောင်းစာ ၀ါဝန်တွေနှင့်။ သူတို့အားလုံး သင်္ဘော၏ ဧည့်ခန်းကြီးတွင် ရောက်ရှိနေကြသည်။ ၀ီစကီ၊ မာတီနီ၊ ရှမ်ပိန်ခွက်တွေ ကိုယ်စီ ကိုင်ထားကြသည်။ သင်္ဘောပ္ပတိန်အခန်းထဲ ၀င်လာပြီး အားလုံးကြားအောင် အော်ပြောသည်။

"သတင်းကောင်းကို အရင်ပြေပါ"
"ဟုတ်ကဲ့၊ ကျွန်တော်တို့ "အော်စကာ" ဆယ့်တစ်ခု ရပါတယ်"

Saturday, September 15, 2007

ကြိုတင်သတိပေးခြင်း

တစ်ခါက မီးသတ်ဌာနမှ အရေးပေါ် တယ်လီဖုန်းသည်မြည်လာသည်။ ထို့ကြောင့် တာဝန်ကျ ရဲဘော် ဖုန်းကို ကောက်ကိုင်လိုက်ပြီး-

'ဟုတ်ကဲ့ အမိန့်ရှိပါ'
'မီးသတ်ဌာနက ဟုတ်ပါသလား'

'ဟုတ်ပါတယ်'

'နဒီရိုးဘေးက မေတ္တတာလမ်းသွယ်ကို သိပါသလား'

'ဟုတ်ကဲ့ သိပါတယ်'
'လမ်းထပ်မှာ ညောင်ပင်ကြီး ရှိတယ်လေ'

'သိပါတယ်'

'အဲဒီလမ်းထဲဝင်လိုက်ရင် ညာဘက်ဘေးနားမှာ စိုက်ခင်းလေးရှိပါတယ်၊ ကြက်ဟင်းခါးစင်ရှိတယ်၊ အဲဒီစင် အောက်မှာ တရုတ်နံနံပင်စိုက်ထားတယ်၊ ဘေးပတ်လည်မှာ ငရုတ်ပင်နဲ့ ခရမ်းချဉ်သီးပင်တွေရှိတယ်'

'ဦးလေး ခုဆက်နေတာ မီးသတ်ဌာနနော်၊ လယ်စိုက်ရှင်းရုံးမဟုတ်ဘူး၊ မြေသြဇာတို့ ပိုးသတ်ဆေးတို့ လိုချင်ရင် စိုက်ပျိုးရေးရုံးကို ဖုန်းဆက်ပါ'

'ဦးလေးသိပါတယ်၊ မီးသတ်ဌာနကိုပဲ ဆက်တာပါ၊ ဦးလေးရဲ့ စိုက်ခင်း အခြေအနေကို သိစေချင်လို့ပါ၊ အပင်တွေအားလုံး အောင်အောင်မြင်မြင် ဖြစ်ထွန်းနေတယ်၊ တစ်နေ့တစ်နေ့ကို တစ်ရာနဲ့ တစ်ရာငါးဆယ်ကြားဝင်ငွေရှိနေတယ် ဒီက ဟိုဘက်ဆိုရင် ပိုပြီးသိကြဦးမယ်'

'ဦးလေး အဲဒီအကြောင်းကို ပွဲရုံလုပ်ငန်း ဖုန်းဆက်ဖို့သင့်ပါသတယ်၊ ကျွန်တော်တို့က မီးသတ်ဌာနကပါ၊ မီးလောင်ရင် ခေါ်ဖို့တပ်ထားတဲ့ဖုန်းပါ၊ ကျွန်တော် ဖုန်းချလိုက်ပါတော့မယ်'

'နေ နေပါဦးမောင်ရင် ဦးလေးကလဲ ဦးလေးရဲ့ ဘေးကအိမ်မီးလောင်နေတဲ့အကြောင်း ဖုန်းဆက်မလို့ပါ၊ မင်းတို့လာရင် စိုက်ခင်းနင်းမိမှာ စိုးလို့ကြို့ပြီးပြောတာပါ။ မြန်မြန်လာပါ၊ မီးလောင်နေပြီ'

Friday, September 14, 2007

Monday, August 13, 2007

gtalk ကို firefox side bar ပေါင်းထည့်ခြင်း




၁။ http://addons.mozilla.org/en-US/firefox/addon/4708 ဟု address bar မှာရိုက်ပါ။

၂။ ပြီးရင် Add-ons တွေကို install လုပ်ရတဲ့ထုံးစံတွေအတိုင်း ငါးစက္ကန့်အတွင်း install လုပ်ပြီးတဲ့အခါ browser ကို resart ပြန်ချပါ။

၃။ Firefox ကိုပြန်ဖွင့်ပြီးတဲ့အခါမှာ firefox ရဲ့side bar မှာ stalk အသက်ဝင်အလုပ်လုပ်စေဖို့shortcut key ဖြစ်တဲ့ Alt+G ကိုနှိပ်ပါ။ (သို့) view>sidebar>galk side bar ဟုသွားလျှင်လည်းရပါသည်။

၎။ Sidebar ပေါ်လာလျှင် sign inကို Click နှိပ်ပါ။ Next window ပေါ်လာပြီး username နဲ့ passwrod တောင်းပါလိမ့်မယ်။ ဖြည့်ဆည်းပေးပြီးတဲ့အခါမှာတော့ Gtalkgadget ကနေတဆင့် server ကို လှမ်းချိတ်ဆက်နေပါပြီ။ အနည်းငယ်တော့ ကြာပါလိမ့်မယ်။

၅။ ပြီးလျှင် Book mark menu ကိုသွားပါ။ New book mark Click နှိပ်ပါ။ Name မှာ gtalk, location မှာ talk gadeget.google.com/talkgadget/client ဟုဖြည့်သွင်းပြီး OK ကို Click နှိပ်ပါ။

၆။ ပြီးလျှင် အဆိုပါ book mark ကို click လုပ်လိုက်ပြီဆိုသည်နှင့် Firefox side bar မှာ gtalk ပေါင်းထည့်ပြီးတာကို တွေ့ရပါလိမ့်မယ်။

Tuesday, July 24, 2007

blog တွင် မြန်မာပြက္ခဒိန်ထည့်သွင်းနည်း

မြန်မာ ပြက္ခဒိန် ကို ဘလော့ သမားများ အတွက် RSS version နဲ့ ထပ်ထုပ်ပေးလိုက်တယ်။ RSS Feed: http://samerss.myanmarcalendar.com
blogger.com ရဲ့ New version သုံးတဲ့လူတွေအတွက် နမူနာ
1) blogger.com တွင် Login ၀င်ပါ။
2) "Manage Your Blog" တွင် Layout ကိုနှိပ်ပါ။
3) Side bar ဘက်တွင် "Add Page Element" ကို နှိပ်ပါ။\
4) Feed တွင် "Add To Blog" ကို နှိပ်ပါ ("Feed"-Add content from an RSS or Atom feed to your blog.)
5) "Feed URL" တွင် http://samerss.myanmarcalendar.com ကို ထည့်သွင်းပါ။ "Continue" ကိုနှိပ်ပါ။
6) Title ကို သင်နှစ်သက်သလိုပြင်လို့ရပါသည်။ ပြီးလျှင် "SAVE CHANGES" ကို နှိပ်ပါ။
နေ့စဉ်နေ့တိုင်း မြန်မာပြက္ခဒိန်မှ ရက်စွဲများ အလိုအလျှောက် ပြောင်းလဲနေပါလိမ့်မည်။

မှတ်ချက် - ကိုဝဏ္ဏကို blog မှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Monday, January 29, 2007

Wednesday, January 24, 2007

သရဲခြောက်သောအိမ်(ကြောက်တက်သူများမကြည့်ရ။)


ပုံကိုသေသေချာချာကြည့်ပါ