Saturday, September 15, 2007

ကြိုတင်သတိပေးခြင်း

တစ်ခါက မီးသတ်ဌာနမှ အရေးပေါ် တယ်လီဖုန်းသည်မြည်လာသည်။ ထို့ကြောင့် တာဝန်ကျ ရဲဘော် ဖုန်းကို ကောက်ကိုင်လိုက်ပြီး-

'ဟုတ်ကဲ့ အမိန့်ရှိပါ'
'မီးသတ်ဌာနက ဟုတ်ပါသလား'

'ဟုတ်ပါတယ်'

'နဒီရိုးဘေးက မေတ္တတာလမ်းသွယ်ကို သိပါသလား'

'ဟုတ်ကဲ့ သိပါတယ်'
'လမ်းထပ်မှာ ညောင်ပင်ကြီး ရှိတယ်လေ'

'သိပါတယ်'

'အဲဒီလမ်းထဲဝင်လိုက်ရင် ညာဘက်ဘေးနားမှာ စိုက်ခင်းလေးရှိပါတယ်၊ ကြက်ဟင်းခါးစင်ရှိတယ်၊ အဲဒီစင် အောက်မှာ တရုတ်နံနံပင်စိုက်ထားတယ်၊ ဘေးပတ်လည်မှာ ငရုတ်ပင်နဲ့ ခရမ်းချဉ်သီးပင်တွေရှိတယ်'

'ဦးလေး ခုဆက်နေတာ မီးသတ်ဌာနနော်၊ လယ်စိုက်ရှင်းရုံးမဟုတ်ဘူး၊ မြေသြဇာတို့ ပိုးသတ်ဆေးတို့ လိုချင်ရင် စိုက်ပျိုးရေးရုံးကို ဖုန်းဆက်ပါ'

'ဦးလေးသိပါတယ်၊ မီးသတ်ဌာနကိုပဲ ဆက်တာပါ၊ ဦးလေးရဲ့ စိုက်ခင်း အခြေအနေကို သိစေချင်လို့ပါ၊ အပင်တွေအားလုံး အောင်အောင်မြင်မြင် ဖြစ်ထွန်းနေတယ်၊ တစ်နေ့တစ်နေ့ကို တစ်ရာနဲ့ တစ်ရာငါးဆယ်ကြားဝင်ငွေရှိနေတယ် ဒီက ဟိုဘက်ဆိုရင် ပိုပြီးသိကြဦးမယ်'

'ဦးလေး အဲဒီအကြောင်းကို ပွဲရုံလုပ်ငန်း ဖုန်းဆက်ဖို့သင့်ပါသတယ်၊ ကျွန်တော်တို့က မီးသတ်ဌာနကပါ၊ မီးလောင်ရင် ခေါ်ဖို့တပ်ထားတဲ့ဖုန်းပါ၊ ကျွန်တော် ဖုန်းချလိုက်ပါတော့မယ်'

'နေ နေပါဦးမောင်ရင် ဦးလေးကလဲ ဦးလေးရဲ့ ဘေးကအိမ်မီးလောင်နေတဲ့အကြောင်း ဖုန်းဆက်မလို့ပါ၊ မင်းတို့လာရင် စိုက်ခင်းနင်းမိမှာ စိုးလို့ကြို့ပြီးပြောတာပါ။ မြန်မြန်လာပါ၊ မီးလောင်နေပြီ'